Friday, March 30, 2012

စိတ်ညစ်တယ်မပျော်ဘူး


အဲဒီသီချင်း
မကြားချင်ပေမယ့်
ကိုယ်တိုင်ဆို
နှစ်နှစ်ဆယ်ကျော်ရှူခဲ့တဲ့အငွေ့
ခုပြတ်ချင်လို့ဖြတ်ခါမှ
အညာတွေတိုး
ပိုလို့သောက်ချင်
စိတ်ဓါတ်တွေကျ
စိတ်တွေတို
ဟိုလူ့ကိုအော်ရမလို
ဒီလူ့ကိုငေါက်ရမလိုနဲ့
စိတ်ထဲမှာ
တစ်ကယ်မပြတ်တယ်
ညစ်လှသည်လေး.....

သည်ကြားထဲမီးတွေက
ပျက်ပြန်ပြီတမှောင့်
ရောင်းခဲ့ဘူးတဲ့မီးစက်တွေကြောင့်
ချခဲ့ဘူးတဲ့ရေစက်လို
စက်တွေမရောင်းရပဲ
အခက်ပိုသည်ရက်တွေထဲမှာ
မဖြစ်မနေဆားဗစ်ပေး
စိတ်အတွေးမှာငိုချင်ပါလှ
ခါခါ..ချရတဲ့သက်မ
မောလိုက်တာကွယ်လို့တောင်
မညည်းချင်တော့ပါဘူး
စိတ်မှာကွယ်လေ
ရူးလိုက်ချင်သေး.......

အရေးထဲမှအရာပေါ်
ကဗျာတောင်မရေးချင်ဘူး
စိတ်တွင်းမှာလှိုက်ဆူ
မြိုက်ပူအောင်ကျွမ်း
ရောင်းခဲ့ဘူးတဲ့
ဆိုင်းဘုတ်တွေကတမှောင့်
ဖုန်းကိုလည်းဘလူးတုသ်တပ်လို့
မအားအောင်ပြောရတယ်
မ၀ယ်ပဲဈေးမေးသူကတမှောင့်.....

သည်ကြားထဲမှာ
စီးပွားရေးအလို့ငှာ
လွတ်နေတဲ့မြေကွက်လေးမှာ
အဆောင်ဆောက်ကာငှားစားမယ်ကြံ
ပန်းရံသည်ကတမျိုး
လက်သမားကတဖုံ
အစွမ်းကုန်ပညာပြကြတယ်

ဝိုင်းလို့သာတွယ်ကြ
စိတ်မှာလေကလော်ဆဲချင်တော့
မနည်းကြိတ်မှိတ်ကာမြိုသိပ်ထားရတယ်

တကယ်ကွယ်ရတက်ပွေတယ်
အခက်တွေပါကွယ်
စိတ်ညစ်တယ်လေ
မပျော်ဘူးကွယ်.....။      ။

2 comments:

ဟန်ကြည် said...

စိတ်လျှော့ပါဗျာ...လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေမဟုတ်လား...ခက်တာက ကိုယ့်ဖာသာရှာရတဲ့ အပူထက် လူတွေပေးတဲ့ အပူက ပိုများနေတာပါပဲလေ...ကြာလာတော့လည်း လူနဲ့မနေချင်ပဲ ခွေးတွေနဲ့ပဲ သွားနေချင်စိတ်တောင် ပေါက်သဗျို့...အနှီအကောင်လေးတွေက သိပ်ရိုးသားကြတာကိုး...

ချစ်သူမောင် said...

ဟုတ်တယ်ဗျာဦးဟန်ကြည်တခါတရံဖြူစင်လွန်းတဲ့
သတ္တ၀ါတွေနဲ့ပဲနေတာကောင်းတယ်ဗျ ရိုက်ချင်ရိုက်လွတ်
ပြန်ခေါ်အချိန်မရွေးပြန်လာတတ်တယ်ခင်ဗျ(စမ်းသပ်ဘူးတာပါ)အဲလောက်တော့မရက်စက်တတ်ပါဘူး သစ္စာရှိလွန်းတယ်
လူတွေအတွက်လည်းအနစ်နာခံလွန်းတယ်ချစ်စရာကောင်လေးတွေဗျ(ဒါတောင်ဈေးခွေးတွေခေါ်မွေးထားတာ :P

ခင်မင်လေးစားလျှက်
ချစ်သူမောင်