လူဆိုတာတစ်ကယ်တော့
အဟိတ်တိရိစ္ဆာန်ထက်သာတာ
အချက်သုံးချက်တည်းရှိသတဲ့......
တစ်အချက်က
အကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းတဲ့
ဟုတ်ရဲ့လားကောင်မလေးရယ်
မင်းတို့တတွေတစ်ကယ်
ဆင်ခြင်နိုင်ကြလို့လား
ဟိုတနေ့ကတွေ့လိုက်တယ်
ဘာအဆင်အခြင်မှမရှိပဲ
သွေးဆောင်ဖျားယောင်းနိုင်တဲ့
အ၀တ်အစားတွေဝတ်လို့
မင်း..မှတ်တိုင်မှာကားစောင့်နေတယ်...
ငါ့အတွေးထဲကားစောင့်နေတာမှဟုတ်ရဲ့လား
ဖောက်သယ်ဆွယ်နေတာများလားရယ်လို့
ဟုတ်ပါ့မလားကွယ်တစ်ကယ်
ဆင်ခြင်နိုင်ရဲ့လားဆိုတာ
ငါ့မှာတွေးစရာဖြစ်လို့
အဲဒီပထမအချက်
အဲဒီမှာတင်ပျက်ကွက်ခဲ့ပြန်ပေါ့.........
နှစ်အချက်က ကိုယ်ကျင့်တရားတဲ့
လှပမှုတွေအတွက်
ကိုယ်ကျင့်တရားသာကောင်းလိုက်စမ်းပါ
လောကကြီးကချီးမွမ်းမြှောက်စားလို့
တောက်ကြွားလာမယ်ထင်
ငါ့အမြင်မှာတော့တနေ့ကပဲ
ကိုယ်ကျင့်တရားရောင်းစားခဲ့တာ
ငါ့မျက်စေ့နဲ့တပ်အပ်မြင်
ကလပ်တခုမှာတင်ပေါ့
ကိုယ်ကျင့်တရားဟာ
အခါခါဝေးကွာ......
ဘာ့အတွက်ကြောင့်ပါလဲ
ဝမ်းဝဖို့အတွက်လား
ဒါမှမဟုတ်ခါးမှာအလှဆင်
မလုံ့တလုံ့အ၀တ်တွေအတွက်ကြောင့်လား
တွေးစရာပါကွယ်
ကိုယ်ကျင့်တရားကို
ပဲလှော်နဲ့လဲစားတဲ့ခေတ်
ရောက်နှင့်ပြီလား....ပေါ့
ငါ့မှာတွေးစရာဖြစ်လို့
ဒုတိယအချက်လည်း
အဲဒီမှာတင်ပျက်ကွက်ခဲ့ပြန်ပေါ့.......
သုံးအချက်က အလှပတရားကို
ခံစားနားလည်ခြင်းတဲ့
ငါ့အမြင်တော့အလှတရားထက်
ရာဂမီးတောက်ဖို့
မစဉ်းစားမဆင်ခြင်နိုင်ပဲ
တိုလေနန့်လေကြိုးပျောက်တွေ
ဝတ်ဖို့သာအရေးကြီးနေတဲ့ခေတ်မှာ
ဘာကိုအလှတရားလို့ခေါ်မလဲ
ငါမဝေခွဲတတ်တော့...........
တစ်ကယ်ဆိုယင်
ရင်ဖုံးအင်္ကျီနဲ့ချိတ်ထမီဝတ်မှလှမယ်လို့
ဆိုလိုတာတော့မဟုတ်ရပါဘူး
ယဉ်ကျေးသိမ်မွေ့စွာဝတ်စားတတ်ကြမယ်ဆိုယင်
အလှတရားဟာလေ
ခပ်ပါးပါးမကပါကွယ်
ဒီလိုနဲ့ပဲငါ့မှာတွေးစရာတွေဖြစ်လို့
အဲသလိုနဲ့တတိယအချက်လည်း
ကွယ်ပျက်ခဲ့ပြန်တော့.......
ငါခပ်ပေါ့ပေါ့ပဲတွေးလိုက်တယ်
လူဆိုတာ တိရိစ္ဆာန်ရယ်လို့......။ ။
စိတ်မဆိုးကြပါနဲ့ အပြောဆိုးလို့ နောက်ပြီးဓါတ်ပုံကို Google ကနေပြီးရှာသုံးထားပါတယ်
မြန်မာမလေးတွေရဲ့ပုံကိုမသုံးထားပါ မျက်နှာတွေပါကုန်ပြီးစိတ်ဆိုးတရားစွဲကုန်ကြမှဖြင့်
အဲတာမှမဟုတ် ပွန်းဆိုဒ်စာရင်းတော့မ၀င်ချင်ပါဘူး
ချစ်ခင်လေးစားလျှက်