Tuesday, December 20, 2011

ချစ်ခြင်းသီတဲ့ကြိုး


တချို့ကတော့
နှောင်ဖွဲ့ရစ်ပတ်
မာယာအတတ်နဲ့
သွေးဆောင်ဖျားယောင်း
အလွမ်းတွေသီလို့
ချည်ခဲ့သည့်သည်ကြိုး
နှောင်ကြိုးတဲ့လေ~~~~~

တချို့ ကတော့
သည်းနှလုံးကို
ဖောက်လို့ချည်ခဲ့
သီခဲ့သည့်ကြိုး
သံယောဇဉ်ကြိုးတဲ့~~~~~

ထားပါတော့လေ
ရင်အစုံကို
ဖြတ်ဖောက်ချုပ်သီ
ချည်ချင်လည်းချည်စေတော့
မပြီပြင်လည်း
သီစေတော့ကွယ်
အချစ်နဲ့နှောင်တွယ်
သမုဒယနဲ့ရစ်ပတ်
(သည်းပွတ်လေး)နဲ့
ချည်နှောင်ထားတဲ့ကြိုး
ချစ်ခြင်းသီတဲ့ကြိုးလို့သာ~~~~~~

5 comments:

Sandakuu said...

ဥဥရေ.. ကဗျာလေးလာဖတ်သွားတယ်..
တွေ့ဆုံပွဲ update လေးရှိရင်ပြောပြပါအုံး..

ayesnake said...

နှောင်ကြိုးနဲ့
သံယောဇဉ်ကြိုးပေါင်းလို့
ချစ်ခြင်းသီတဲ့ကြိုး ဖြစ်သွားပေါ့လေ။
ကဗျာလေးက နူးညံ့လိုက်တာနော်။
ကဗျာရေးသူ နှလုံးသား နူးညံ့လို့သာပေါ့နော်။

ချစ်သူမောင် said...

ကူကူးရေ မပြောင်းလဲပါဘူးအစီစဉ်
ဒီတိုင်းပဲ

ခင်တဲ့
ဥဥ

အေး ရေ ကျေးဇူးပါနော်

ခင်မင်လျှက်
ချစ်သူမောင်

ပျိုးယုဝသုန် said...

နူးနူးညံ့ညံ့လေပါလားတို့အစ်ကို ...

mstint said...

ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ်။
တီတင့်က ကိုယ်တိုင်ကဗျာမစပ်တတ်ပေမယ့်
ကာရံလေးတွေနဲ့ ဖွဲ့နွဲ့တဲ့ဒီလိုကဗျာလေးတွေကို
သဘောကျတယ် ချစ်သူမောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်