Thursday, November 3, 2011

စွန့်လွှတ်ထားလျှက်တပ်မက်မိသော


ဘ၀ဆိုတာ
နေပျော်ပါတယ်
တွယ်တာတမ်းမက်
လွမ်းရက်တွေ
မရှိယင်တောင်မှ
နွမ်းလျက်ဖြေစရာ
အတွေးတွေနဲ့
ကမ်းလက်တွေ
သေချာခဲ့သဘောဟာ
ပြောပြလို့ကုန်ဖွယ်မရှိပါပြီ.........

တစ်ကယ်တော့
အလွမ်းနဲ့ဝေး
ကမ်းဝေးလှေလို
လေနှင်ရာလွင့်
တမ်းတခြင်းတိမ်တွေလည်း
မိုးအဖြစ်နဲ့မရွာဖြစ်ခဲ့
တွေးငေးနေတဲ့ဘဝ
မလိုချင်လှပါ
တစ်ကယ်ဆို.....
အလွမ်းဆိုတာကောင်းရဲ့လား..........

မကောင်းမှန်းသိ
ထိတိုင်းငြိနေ
တွေဝေစွာပင်
အလွမ်းကြားနစ်ပေါ့
ပြောသည့်စိတ်တိုင်
ခပ်ယိုင်ယိုင်ပဲ
မလွမ်းပဲနေကြည့်
နေချင်သေးတယ်........

မလွမ်းပေမယ့်
တစ်ခုခုကို
တမ်းတတ်တာ
သဘာဝလား
အတွေးမှားတွေနဲ့
ဘေးစကားလည်းမယုံချင်
အသွေးသားထဲမှ
ကြုံတယ်ထင်တယ်
အလွမ်းဆိုတာ
ခါးသက်ချိုမြိန်နေလည်း
ဘိန်းလိုပဲစွဲ......။     ။

4 comments:

ဟန်ကြည် said...

ဟား...ဖတ်ဖူးသမျှ ကိုချစ်သူမောင်ရဲ့ကဗျာတွေထဲမှာ ဒီကဗျာအကြိုက်ဆုံးပဲ...

ပထမပိုဒ်မှာ ကာရန်ရော၊ နဘေပါသမထားတာ သဘောကျသဗျာ..

ဒုတိယပိုဒ်မှာ လေးလုံးစပ်ယောင်ယောင်လေး ရေးထားတယ်...လှတာပါပဲ...ဒါပေမယ့် အောက်ပိုင်း ပါဒ သုံးကြောင်းကိုတော့ နည်းနည်းထောင့်နေတယ်လို့ ခံစားရတယ်...မိုးအဖြစ်နဲ့ မရွာဖြစ်ခဲ့ နဲ့ တွေဝေငေးနေတဲ့ ဘ၀ ကြားမှာ ကာရန်ရော နဘေပါ လွတ်နေသလားလို့...

တတိယပိုဒ်ကိုတော့ လေးလုံးစပ်အပေါ်ပိုင်းနဲ့ လွတ်လပ်ကာရန် အောက်ပိုင်း စပ်ထားပေမယ့် ရစ်သမ်မိလို့ ချစ်စရာ ကောင်းသဗျာ...

အကြိုက်ဆုံးကတော့ နောက်ဆုံးပိုဒ်ပဲ...free verse ဆန်ပေမယ့် မန်ကျီးရွက်သတ် နဘေကို သုံးသွားတာ သဘောကျတယ်...နောက်ဆုံးပါဒမှာ ဆတ်ခနဲဖြတ်ချသွားတာ အရသာခံလို့ကိုမဆုံးဘူး...

ကဗျာဖွဲ့စည်းပုံကို သဘောတကျနဲ့ သုံးသပ်မိတာ ကွန်မန့်ရှည်သွားလို့ စိတ်မရှိပါနဲ့ဗျား...

ayesnake said...

ကိုဟန်ကြည်လိုတော့ ပြောတတ်ဘူးဟေ့
ဒီကဗျာကို သိပ်ကြိုက်တာပဲ သိတယ်။

ချစ်သူမောင် said...

အိပ်မက်မှာ ခင်ခဲ့တဲ့အေးရယ် အိပ်မက်ကရေးဖော်ကြီးဦးဟန်ကြည်ကို
ကွန်မန့်မှာနှစ်ယောက်တစ်ပြိုင်နက်တည်း
တွေ့ရတဲ့အတွက် ၀မ်းသာလုံးဆို့မိပါတယ်ဗျာ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

နွေတေးရှင် (မင်းဧရာ) said...

အကိုကြီး.....
ကဗျာ တွေကိုဖတ်ခွင့်မရတာ ကြာနေပြီဗျာ
အခုမှဘဲလာနိုင်တော့တယ် ရောက်မဆိုက်ပါပဲ ဖတ်လိုက်ရတဲ့ကဗျာလေးကလည်း ရင်ကိုတောင် ခပ်စစလေးရိုက်ခတ်သွားသေးရဲ့ ပထမ အပိုဒ် လေးကိုတော်တော်လေးသဘောကြမိအကိုရာ။

(မင်းဧရာ)