Wednesday, September 7, 2011

ဘလော့ဂါဆိုသည်မှာ

ညီလေးမင်းဧရာတက်ဂလို့သာရေးရတယ်မျက်ခုံးတော့ခပ်လှုပ်လှုပ်ပဲ


ဘယ်လိုဖြစ်ဖြစ်
ဘလော့ဂါမဖြစ်ခင်   (အင်တာနက်ဆိုတာတွင်တွင်ကျယ်ကျယ်မသုံးသေးတဲ့ကာလမှာ)
သီချင်းတွေအများကြီးနားထောင်
စာမေးပွဲတွေတဖုန်းဖုန်းကျအောင်
ဝတ္ထုစာပေကို(အများအားဖြင့်တော့သိုင်းဝတ္ထုတွေ)
အလေးထားမြတ်နိုး
ချစ်ခင်တန်ဖိုးထားကာ
ခုံမင်စွာယုံကြည်ကိုးစားခဲ့သူများ
ဖြစ်ကြမည်  (ဘလော့ဂါတိုင်းကိုမဆိုလို)

အနည်းဆုံး
ဗဟုသုတလိုလားသူ
ကိုယ်သိသလို
အများသိအောင်
ဝေငှလိုသည့်စေတနာဆန္ဒရှိသူ
မိမိ၏ ပေးလိုသောမက်ဆေ့ချကို
ကဗျာလိုလို
စာလိုလို
ဆောင်းပါးလိုလို
ကွယ်လို့တမျိုး
ပေါ်တင်တဖုံ ရေးနိုင်သူများသည်လည်းဘလော့ဂါဖြစ်၏ ၊
နောက်တစ်ခုမဂ္ဂဇင်း ပုံနှိပ်ထုတ်ဝေခြင်းအမှုကိုစိတ်မရှည်စွာဖြင့်အလျှင်အမြန်
ကျော်ဖြတ်ကာ publish လုပ်နိုင်သူများဖြစ်လတ္တံ့ ၊(စာပေလုပ်သားကဒ်ရှိမှစာရေးဆရာမဟုတ်ဘူး
ဆိုတာလက်တွေ့ပြတာ)

စာပေကျမ်းဂန်နှံ့စပ်၍
ဝေငှလိုသူ လောကကိုဟာသအမြင်ဖြင့်မြင်သူ
မိမိ၏အမြင်အတွေ့အကြားကို
ဒိုင်ယာရီလိုလို ပါတ်ဝန်းကျင်ကိုပဲသရော်သလိုလို
ရေးတတ်ကုန်ကြသောဘလော့ဂါများလည်းရှိကြကုန်သည်ဖြစ်၏ ၊

ဘလော့ဂါဖြစ်ရန်
ကြိုးစားသောသူတစ်ယောက်သည်
အင်တာနက်ဆိုလျှင်ခုန်ပျံကျော်လွှား
သိုင်းသမားသို့နှယ်မြေလျှိုးမိုးပျံသလို
ကိုယ်ယောင်ဖျောက်ကာဖေါက်ထွင်းဝိဇ္ဇာအလား
အကျော်အခွပညာများကိုတစ်ဖက်ကမ်းခတ်
ကျွမ်းကျင်ကြသူများဖြစ်ကြကုန်သည်ဖြစ်၏ ၊
(နောက်ဆုံးကျော်ရန်မတတ်နိုင်တော့သည့်ကာလ၀ယ် ကိုယ်ပိုင်ဒိုမိန်းဝယ်ကာမေးလ်မှဘလော့ကုန်လတ္တံ့)

ဘလော့ဂါဟူ၍ မဖြစ်ခင်
ချတ်တင်လောကမှအစပြုလတ္တံ
MIRC,Person.com အစပြုသော .com များစွာတွင်အကောင့်များပိုင်ဆိုင်ခဲ့ဖူးလတ္တံ့ ၊
ထိုမှတဆင့် ဇော်ဂျီဖောင့်မပေါ်သေးစဉ်ကာလအတွင်းဘာလုပ်ရမည်ကို
မသိစဉ်ကာလချတ်တင်လောကတွင်Burglish ခေါ် Myaglish ကိုကောင်းမွန်စွာနိုင်နင်းသူများဖြစ်ခဲ့လတံ္တ့ ၊
ထို့နောက် ဖိုရမ်ဆိုသည့်အသံများကျယ်လောင်လာစဉ်
ပုဂံဖိုရမ်တွင် Win font များဖြင့်မြန်မာစာကိုတွင်ကျယ်စွာရေးဖူးလတ္တံ့၊

ဇော်ဂျီဖောင့်ပေါ်စတွင် လည်းတချို့တချို့သောဘလော့ဂါများသည်
ပလန်းနက်ဖိုရမ် နှင့်အိပ်မက် ဘလော့နှင့်ဖိုရမ်တွင်ဖိုရမ်မာများအဖြစ်စတင်ကာ တောင်တွေးမြောက်တွေး
ကဗျာတွေရေး စာတွေရေး တစ်ယောက်နဲ့တစ်ယောက်ရန်ခဏခဏဖြစ်ကာ
ပြန်ပြန်ချစ်ချစ်ခဲ့ကြလတ္တံ့
တခေတ်တည်းမှာပင် Multiply, hi5,My space.com,en.netlog.com တို့တွင်Mp3 သီချင်းဖိုင်များ
ဗီဒီယိုဖိုင်များ ၊ E-bookများတင်ကာဝေငှခဲ့ဖူးလတ္တံ့ ၊
ရှယ်မယ် ဆိုပြီးသိအောင်တမျိုးမသိအောင်တဖုံယူပြီးခပ်တည်တည်ကိုယ့်ဆိုဒ်မှာတင်သူများလည်းရှိလတ္တံ့၊

အနည်းဆုံးတော့
နည်းပညာတစ်ခု  (ဟင်းချက်တာလည်းနည်းပညာပဲဟာ)
အများဆုံးကွန်ပြူတာနိုင်နင်းမှု (EEE PC ၇ လက္မကို "မ" နိုင်ခြင်း)
ကိုယ်ပိုင်ဒစ်ဂျစ်တယ်ကင်မရာပိုင်ဆိုင်ခြင်း (ဖုန်းတစ်လုံးရှိယင်ဖြစ်တာပဲကိုနော့)
အင်တာနက်ဆိုင်မှကွန်ပြူတာကို
ကိုယ့်ကွန်ပြူတာလိုသဘောထားနိုင်ခြင်း  (ဒီလိုနဲ့ဂျီမေးလ်အကောင့်တွေခဏခဏပျောက်ပေါ့)

ဘလော့ဂါယောက်ျားသည်ကွန်နက်ရှင်ကိုမယားကြီးအမှတ်မှတ်ပေါင်းသင်းတတ်ကာ
ဘလော့ဂါမိန်းမသည်ကွန်နက်ရှင်ကိုလင်ကြီးအမှတ်မှတ်ကာပေါင်းသင်းတတ်၏ခုပဲကြည့်လေပို့စ်တင်တဲ့အချိန်
ညတစ်နာရီတောင်ထိုးပြီးပါပကော..........
ကွန်နက်ရှင်နှင့်ပါတ်သက်လျှင်မိုးလင်းသည်မသိ မိုးချုပ် မသိ ထိုမျှစွဲလန်းခဲ့ဖူးကြပေမည် ၊
(ပြည်တွင်းမှဘလော့ဂါများကိုဆိုလိုပါသည်)(ရေးမိတာရိုင်းပျယင်လည်းခွင့်လွှတ်စေလိုပါသည်)

အနည်းဆုံးအနုပညာတစ်ခုခုဝါသနာပါသူဖြစ်ပါမည်
ဥပမာ-ကဗျာ၊၀တ္ထု၊သုတစာပေ၊ရသစာပေ၊သီချင်းပေါင်းစုံ
(တောမြိုင်လယ် ယိုးဒယားမှအစ ရက်ပ ဟစ်ဟော့အဆုံး)
သန်ရာသန်ရာနည်းပညာဆိုင်ရာဘလော့ဂါတွေလည်းရှိသေးသည်
ကွန်ပြူတာနည်းပညာမှအစ ကျောက်မျက်ရတနာရောင်းဝယ်ရေးအဆုံး
ဤမျှလောက်သုတရသဗဟုသုတပေါင်းများစွာကို တွေးလည်းတွေးနိုင် ရေးလည်းရေးနိုင်(စု၊တု၊ပြု)
သူများအားလုံးကိုသိမ်းကြုံးကာ(ဘလော့ဂါ)ဟုအမည်သညာခေါ်ကာ ပညတ်ပြုလိုက်ရပါသည်။

တက်ဂပို့စ်အဖြစ်ရေးပေးလိုက်ပါတယ်ညီလေးရေ အချွန်နဲ့မတဲ့တက်ဂပို့စ်ပါကွာ အရိုက်ခံရတော့မယ်
နဲ့တူတယ် အင်တာနက်ငယ်ကျိုးငယ်နာတွေဖေါ်ရကောင်းလားဆိုပြီး...................

ချစ်ခင်လေးစားရပါသော
ဘလော့ဂါမောင်နှမများကို အစဉ်လေးစားချစ်ခင်စွာဖြင့်တမူထူးခြားငယ်နာများကိုဖေါ်ကာ
တက်ဂပို့စ်အဖြစ်ရေးသားလိုက်ပါသည်။     ။

အစဉ်လေးစားချစ်ခင်လျှက်
ချစ်သူမောင်

6 comments:

mstint said...

ဘလော့ဂါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ဖတ်သွားတယ် ချစ်သူမောင်ရေ။ ရေးထားတာလေးတွေ အမှန်ချည်းပဲး) အထူးသဖြင့် မြန်မာပြည်က ဘလော့ဂါတွေ စိတ်ကြီးပုံများ မမောနိုင်မပမ်းနိုင် ခုန်ပျံကျော်လွှားနေကြရတယ်လေး))
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

ဘလော့ဂ်ဂါ ဖွင့်ဆိုချက်လေးကို သဘောကျတယ်။ မြန်မာပြည်က ဘလော့ဂ်ဂါ အကိုကြီး အမကြီးတွေကိုလည်း ခုန်ပျံကျော်လွှားပြီးမှ ဘလော့ဂ်တင်ကြရတာဆိုတော့ လေးစားမိပါတယ် ခင်ဗျာ။

Angelhlaing(May everybody be happy and healthy! said...

အင်းအဲဒါမှ ဘလော့ဂါ ကွ :):)
အဓိပ္ပါယ်ဖွင့်ဆိုချက်လေး မိုက်ပနော် ..

ချစ်သူမောင် said...

အန်တီတင့်ရေ ကျော်လွှားရတာတော့ဖတ်ဖတ်မောပါပဲဗျာ
ပျော်ရွှင်ချမ်းမြေ့ပါစေ

AH ရေ ဒီလိုပဲရှောင်လင်ကိုယ်ဖော့ပညာနဲ့နင်ဂျာရဲ့ကိုယ်ဖျောက်ပညာရောကျင့်ရသဟ

ခုန်ပျံကျော်လွှားသိုင်းသမားကိုကြိုက်တယ်ဟုတ်

ချစ်ခင်လေးစားစွာဖြင့်
ချစ်သူမောင်

မင်းဧရာ said...

အကိုကြီးရေ..............
နောက်များကြုံကာမှ ခုန်နည်း ပျံနည်း လေးတွေ သင်ရအုံးမယ် အဲလိုမှမဟုတ်ရင် ရွာကိုပြန်ရင် ဒီဘလောဒ်ကိုထာခဲ့ရမလို ဖြစ်နေပြီ။

ဘလောဒ်ဂါ အဓိပ္ပာယ်ဖွင့်ဆိုတာလေးတော့ သဘောကျတယ် အကိုရေ.....
နောက်များမှ ကဗျာလေးတွေကို လာဖတ်အုံးမယ်။

ဟန်ကြည် said...

အိပ်မက်မှာ တွေ့ဖူးနေပေမယ့် ဘလော့ရှိနေမှန်းသတိမထားမိလို့ အခုမှပဲ ရောက်ဖြစ်တော့တယ်...တက်ဂ်ပို့စ်ကို ရေးနေပါပြီဗျား...ဒါပေမယ့် အလုပ်နည်းနည်းများနေတာကြောင့် အိမ်စာလုပ်ဖို့ နောက်ကျနေတာကို နည်းနည်းတော့ သည်းခံဖို့ တောင်းပန်ပါကြောင်းဗျား...

ဘလော့ဂါလောကအကြောင်း ကောက်နုတ်ချက်ကို သဘောတကျနဲ့ ဖတ်ပြီး ပြုံးပြုံးကြီးပြန်သွားရင်းက ကိုယ့်ဘလော့လေးအကြောင်းလည်း စဉ်းစားမိသွားပါသေးရဲ့...