Tuesday, December 30, 2008

နှုတ်ဆက်ချင်ပြီဒီဇင်္ဘာ ၊

ဘာလိုလိုနဲ့
တနှစ်ပြီးတနှစ်
ပြီးဆုံးသွားခဲ့
ကုန်တော့မယ့်နှစ်ဟောင်းကိုပဲ
နှမြောသလိုလို
လာတော့မယ့်နှစ်သစ်ကိုပဲ
ကြိုချင်သလိုလို
စိတ်ထဲမှာနှစ်မျိုးနှစ်ခွ
ဖြစ်နေလေရဲ့...........

ဘယ်လိုဖြစ်ဖြစ်
တားရစ်လို့မရနိုင်
မထားရစ်လို့မရနိုင်မယ့်အတူ
နှစ်ဟောင်းကိုရင်မနာပဲနှုတ်ဆက်
နှစ်သစ်ကိုချစ်ခင်စွာနဲ့ကြို
အပြစ်မမြင်ပဲ
အချစ်ဝင်ဆဲပါကွယ်
ဇန်န၀ါရီဟာ
ခပ်တည်တည်
သူမသိသလို
လူသိမခံချင်တဲ့မျက်နှာနဲ့
အိုက်တင်ခံနေရဲ့..............

ဘာပဲဖြစ်ဖြစ်
နှစ်ထောင့်ရှစ်ကိုနှုတ်ဆက်ပြီး
နှစ်ထောင့်ကိုးကို
နှစ်သက်စွာနဲ့ကြိုပါတယ်။ ။

Monday, December 29, 2008

ရင်မှာထိရှသော ပေါ့လျော့မှုများ

ပြောရလျှင်တော့အပြစ်သာဖြစ်ချေရော့မည် ယနေ့နေ့လည်ပိုင်းလောက်က တွေ့လိုက်ရတဲ့အဖြစ်လေးတစ်ခု
ဖြစ်ပါသည်။ ကားတိုက်မှု တစ်ခုသာ မျက်စေ့ရှေ့တွင်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောကိစ္စသာဖြစ်တော့
ရင်ထဲတော်တော်မကောင်းပါ မင်းဓမ္မ လမ်းပေါ်တွင် သာဖြစ်လေသည် ။ကလေးတစ်အုပ်ထဲမှ ကလေးငယ်တဦး
ကားလမ်းဖြတ်အပြေး ကျွန်တော့ ရှေ့မှမောင်း သွားသောကားက၀င်တိုက်မိခြင်းဖြစ်လေသည် ။ထိုမြင်ကွင်းကို
ထင်ရှားစွာမြင်တွေ့ရသောကျွန်တော့အဖို့ စိတ်မကောင်းမိပါချေ ထိုအဖြစ်ပျက်က ကျွန်တော့အတွေးကိုပိုမို
ရှည်လျားစွာဆွဲဆန့်မိစေတော့၏။ အထက်ပါအဖြစ်ပျက်သည် မည်သူ၏ အပြစ်ဖြစ်သည် ကို ကျွန်တော့တွင်
ဆုံးဖြတ်ရန်ခက်ခဲခဲ့ချေတော့၏။ တရားဥပဒေအရ ယာဉ်မောင်းသူ ထံအပြစ်လုံးလုံးလျားလျား ကျပေတော့
မည် ။ ပြန်ပြောရန်အခွင့်လမ်းမရှိပါချေ။ယာဉ်မောင်းသူသည်လည်း စည်းကမ်းမဲ့စွာမောင်းနှင်ခြင်းမဟုတ်
သည်ကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့ ခြင်းဖြစ်ရသဖြင့် ACCIDENT ဟု နာမ တွင်စေသော်လည်း တဦးဦး
တွင် တာဝန်ရှိသည်မှာအသေချာပင်ဖြစ်သည် ။ထိုကလေးငယ်သည် သေဆုံးမည်မှာဧကန်မလွဲပေ ။ပစ်ကပ်
ကားနှင့်တိုက်မိကာ အရှိန်ဖြင့်ကား၏ အရှေ့မှ ကားအောက်သို့လုံးလုံးလျားလျား ရောက်ရှိသွားခြင်း
ဖြစ်ချေသည် ။ရင်ထဲတွင်တော်တော်မကောင်းမိပါ။သားသမီးမကောင်းမိဘခေါင်း ဟုစကားရှိသော်ငြား အား
အားယားယား ခြင်ကိုက်တိုင်း ကလေးမွေးထားသောမိဘ များကိုသာအပြစ်ဆိုလိုက်ချင်ပါတော့သည် ။
ကလေးတစ်ယောက်
လူ့လောကသို့ရောက်ရှိလာရန်ခက်ခဲ ပါ၏ သို့သော် ရောက်ရှိလာသောကလေး ကိုထိန်းသိမ်းစွာမွေးမြူထိန်း
ကျောင်းခြင်းသည် ပိုမိုခက်ခဲမည်ထင်ပါသည် ။ထိုကလေး၏ ရှင်သန်ခြင်းအနှစ် လူလားမြောက်ခြင်း စသည်တို့
ကိုထည့်မတွက်သော မိဘများရှိနေခြင်းသည် ၀မ်းနည်းဖွယ်ရာဖြစ်ချေသည်။ ကျွေးမွေးမပျက် ၊ဆောင်ရွက်စီမံ
အစချီမိဘ၀တ္တရား ငါးပါးကျေပွန်စေချင်သည် သားသမီးများမွေးထားသော်လည်း ထိုသားသမီးတို့ကိုမစောင့်
ရှောက် သောမိဘများ ပေါလှချေသည်ဟုမိမိကိုယ်သာနှုတ် ဆိတ်အောက်မေ့နေမိချေ၏ ။အမှန်တစ်ကယ်ဆို
ရပါမူ မိမိတို့၏သားသမီးများအရွယ်မရောက်ခင် တွင်မိမိတို့၏မျက်စေ့အောက်တွင်သာရှိနေစေသင့်သည်
အရွယ်ငယ်ငယ် လေးတွေ အက်ဆီးဒင့်နှင့်သေကုန်တယ်ဆိုသည့် စကားသံကား........
ရင်ထဲတွင်အမှန်မချိပါချေ ကလေးများကိုပစ်ချင်သလိုပစ်ထားခဲ့ပြီး တခုခုဖြစ်တော့မှ ကလေးကိုပိုက်လျှက်
အမလေးငါ့သားလေးငါ့သမီးလေးဟု အသံကောင်းဟစ်နေ မည့်အစား အရွယ်မရောက်သေးသောကလေး
ငယ်များကိုမိမိတို့၏ မျက်စေ့ရှေ့တွင်သာ ထားသင့်ပါသည်။ထိုကိစ္စများကားပြောရန်ခက်ခဲလှပါ၏။
မလွယ်ကူသော ကိစ္စများလည်းမဟုတ်ပါချေ ၀မ်းရေးကိုအကြောင်းပြကာ ကလေးများကိုကားလမ်းပေါ်တွင်
လွှတ်ထားသောမိဘများလည်းရှိချေ၏ ။ မိဘ၀တ္တရား ကျေပွန်လျှင် သားသမီးတို့သည်လည်းသားသမီးဝတ္တရား
ကျေပွန်ကြလိမ့်မည်ဟုထင်မြင်မိလေသောကျွန်တော့၏တဇွတ်ထိုးတယူသန်အတွေးကြောင့်ဖြစ်လေမည်လား...
ခက်သည်က ကျွန်တောကမျက်စေ့ထဲတွင် ကားအောက်၌ တုံးလုံးလဲလျှက် ခေါ်၍ မရတော့သောကလေးငယ်၏
ပုံရိပ်က အိမ်ပြန်ရောက်သည်အထိ မြင်မိနေဆဲ ၊ မိဘများ ကလေးအုပ်ထိန်းသူများကိုမေတ္တာရပ်ခံချင်ပါသည်
မိမိ တို့၏ရင်သွေးများကိုပစ္စလက္ခတ် လမ်းများပေါ်တွင် လွှတ်ထားခြင်းသည် တိရိတ္ဆန်များကို လွှတ်ကျောင်းသည့်
အလေ့နှင့် တူနေပါသည်ဟုဆိုလျှင်.............

Thursday, December 25, 2008

အတိတ်ကမင်္ဂလာဆောင်

ကြမ်းတမ်းတဲ့လက်များမှာ
နု ညံ့ တဲ့ကဗျာတွေရှိတယ်.....

ရင့်ကျက်တဲ့ နှလုံးသားမှာ
ပြည့်ဝတဲ့စေတနာတွေရှိတယ်....

မာကျောတဲ့ ရင်ဘတ်မှာ
ချစ်တဲ့သူအတွက်
ချစ်ခြင်းတရားတွေရှိတယ်......

မလှောင်ပါနဲ့ငါ့ကို
နှင်းတွေ ဝေတိမ်တိုက်တွေ
ပြိုကျတဲ့နေ့က
မာကျောတဲ့ရင်ဘတ်ထဲက
မင်းကိုလွမ်းတဲ့သာဓကကို
ကဗျာအဖြစ်ရေးခဲ့ဘူးတယ်.........

တမ်းတမိတဲ့နေ့က
အလွမ်းတရားအပြည့်နဲ့
ကျောပိုးအိတ်ကိုလွယ်
ကမ္ဘာနယ်အနှံခြေဆန့်
ခရီးထွက်ခဲ့ဘူးတယ်........

အမှန်တော့မာကျောတဲ့
ရင်ခွင်နဲ့ နှလုံးသားဟာ
အလွမ်းတရားတွေပိုက်
စကြ၀ဠာ အစွန်းနားမှာ
နှင်းတွေကိုငုံ့ကြည့်
တစ်ကယ်တော့
တမ်းတခြင်းတွေနဲ့
နုနွဲ့တဲ့ ရင်အစုံက
မြင်ယုံနဲ့မသိနိုင်
မချိတင်ကဲ ရယ်ပွဲဖွဲ့တဲ့ရက်တွေဆို
တခါတခါလေ "မီး" ကို
သတိရတယ်
ဒီနေ့ဟာ
ဟိုး.....လွန်ခဲ့တဲ့ ကိုးဆယ့်လေးက
မင်္ဂလာတစ်ခါဆောင်တဲ့နေ့ပေါ့..........။ ။

Saturday, December 6, 2008

အချစ်ဦး

မောင့်ရင်ထဲက အချစ်ခဲ့ရ ဆုံး "၀ိုင်း"
မောင့်ဘ၀မှာ အမြတ်နိုးအတွယ်တာရဆုံး မောင်မြတ်မြတ် နိုးနိုး ရင်ထဲကတိတ် တဆိတ်လေး လျှို့ဝှက်
သိုသိပ်စွာ ခေါ်ခဲ့ တဲ့ အဲ့ဒီနာမည်ကို ၀ိုင်းရဲ့ သက်ဆိုင်သူမဟုတ်တဲ့တစ်ယောက်က မောင့်ရှေ့မှာ ခေါ်
လိုက်တဲ့အခါ မောင့် ရင်ထဲ ဘယ်လိုခံစားလိုက်ရမှန်း မောင် ကိုယ်တိုင်မသိခဲ့ပါ ၊ ရင်ထဲနင့်ကနဲပါ
ခက်တာက မောင်နဲ့ ၀ိုင်း ဆိုတာ ကမ္ဘာတစ်ခုခြားခဲ့ကြပြီပဲ တစ်ကယ်သာဆို မောင်အဲလို မဖြစ်သင့်ပေမယ့်
ဖြစ်ခဲ့တယ် ။ ၀ိုင်းကို မောင်ဘယ်လောက်ချစ်ခဲ့ မြတ်နိုးခဲ့ သလဲဆိုတာ မောင့်ဖာသာသိခဲ့တာပါ ၀ိုင်းလည်း
သိမှာပါ၊ မသိချင်ယောင်ဆောင်နေခဲ့ယင်တော့ လည်း........
ဝိုင်း.........လို့ မောင့်ရင်ထဲကမြတ်နိုးစွာ တမ်းတစွာခေါ်ခဲ့ ဖူးတဲ့အသံကိုဝိုင်းမှမကြားတာကိုးနော်....
ခုချိန်ထိ မနာလိုဝန်တို မစ္ဆရိယစိတ်တွေ တိုးပွားနေပုံထောက်ယင် မောင့်ရင်ကအယင်အတိုင်းပဲဆိုတာ
သိသာထင်ရှားနေခဲ့တယ်ဝိုင်းရယ်...ခက်တာကမောင့်ရှေ့မှာ ၀ိုင်း လို့ခေါ်လိုက်တဲ့သူက ၀ိုင်းရဲ့သက်
ဆိုင်သူမဟုတ်ပဲ တခြားလူဖြစ်နေခဲ့တာ အဲဒီတခြားသူက သူ့ရဲ့ သက်ဆိုင်သူရှိနေရက်နဲ့ သူ့ရဲ့သက်
ဆိုင်သူရှေ့မှာ အဲလိုခေါ်တာ နောက် ကိုယ် ဆိုတဲ့ နာမ်စားသုံးတာ မောင့်ရင်ကိုနာကျင်စေတယ် ၀ိုင်း...
တချိန်...ကမောင်သတ္တိမရှိခဲ့လို့ ၀ိုင်းနဲ့ မောင်ဝေးခဲ့ ရတာတွေပြန်တွေးတိုင်းရင်နာမဆုံးခဲ့ပါဘူး ၀ိုင်း။
ခက်တာကခုချိန်မှ ဘာလို့မောင့်ရင်ကို ပြန်နာကျင်စေတာလဲမသိခဲ့ပါဘူးကွယ်..... တစ်ကယ်ပါ ဒီနေ့
တစ်နေ့လုံးမောင် ၀ိုင်း နဲ့တွေ့ပြီးမှ ရင်နာနေခဲ့တယ် အလုပ်တောင်ဖြောင့်အောင်မလုပ်နိုင်ခဲ့ဘူး ။
ဝိုင်းမောင့်ကိုပြောဖြစ်တဲ့ စကားလေးတစ်ခွန်းပြန် သတိရမိတယ်။ ငါတို့ တနင်္လာ သားသမီးတွေက
အိမ်ထောင် ရေးကံမကောင်းပါဘူး လို့ပင့်သက်မှုတ်ထုတ်ယင်း မောင့်ကို ပြောခဲ့တာမောင် မှတ်မှတ်ရရ
ရှိနေခဲ့ပေါ့။အဲဒီတုန်းက တမင်မောင့်ကိုရည်ရွယ်ပြီးပြောခဲ့တာမှန်းမောင်နားမလည်ခဲ့တာလား
မောင်မဝေခွဲတတ်ခဲ့တာလားမောင်ကိုယ်တိုင်သေချာမသိခဲ့ပါ ၀ိုင်း ။အဲဒီအချိန်ကမောင့်ရင်ကမောင့် အပူနဲ့
မောင်ကိုးကွယ်။အဲဒီတုန်းက သာ မောင့်ကို ရည်ရွယ်ပြောခဲ့တာဆိုယင် မောင်တို့နှစ်ယောက် အချစ်မှန်ကို
အသစ်တစ်ဖန်ပြန်စ လို့ရကောင်းခဲ့မယ်ထင်ပါရဲ့ ။ခက်တာကမောင် လေခုချိန်ထိဝိုင်းနဲ့မျက်လုံးချင်းမဆုံရဲ
သေးတာအမှန်ပါ။ရိုးသားယောင်မဆောင်ချင်လည်းဆောင်ခဲ့ရတာ မောင်စိတ်အပင်ပန်းဆုံးပါ ။သစ္စာ မရှိတာ
တော့ မဟုတ်ခဲ့ပါဘူး ။တည်ငြိမ်နေတဲ့မောင့်ရဲ့ရင်ကို ခုချိန်ထိလှုပ်ခတ်နိုင်စွမ်းရှိသေးတယ်ဆိုယင်ရယ်မလား
ဝိုင်း။သတ္တိရယ်လို့လည်းမရှိခဲ့တာအမှန်ပါ ။ မောင်မြတ်နိုးခဲ့ရတဲ့ မြတ်နိုးဆဲချစ်ဆဲ ဖြစ်တဲ့ ၀ိုင်းကို မသက်
ဆိုင်သူက အဲလိုပြောတာဆိုတာမျိုးမောင်လက်မခံနိုင်ခဲ့တာ အမှန်ဆိုတာတော့ဝန်ခံပါရစေလေ......
မောင်တို့ငယ်စဉ်ကဖြစ်ရပ်တွေ ပြန်မြင်ယောင်မိလေတိုင်း တမ်းတမိခဲ့ပေါ့ ၀ိုင်း ရေ........
အတူဆော့ကစားကြီးပြင်းခဲ့ သံယောဇဉ် ခင်မင်မှုတွေကစလို့ နောက်ဆုံး ရင်ထဲသိုသိပ်ခဲ့ရတဲ့ အချစ်တွေ
အထိပေါ့ first term ပိတ်ကာနီးတိုင်း သင်္ကြန် ရောက်တိုင်း ၀ိုင်းတစ်ယောက်တည်းကိုပဲ ရွေးပြီး ရေမွှေး
စိုစေခဲ့တာ ကစလို့ ပေါ့ နောက်ဆုံးခုချိန်ထိမြတ်နိုးစွာသိမ်းဆည်းထားခဲ့ တဲ့ ယုန်ရုပ်ပုံပို့စ်ကဒ်လေး ရယ်
ပြည်ထောင်စုနေ့ပို့စ် ကဒ် လေးရယ် ၀ိုင်းနဲ့ ပါတ်သက်တဲ့အမှတ်ရစရာအပိုင်းအစများရယ် ....အလွမ်း
ဆိုတဲ့ သေတ္တာကြီးထဲ သော့ခတ်သိမ်းဆည်းလို့ပေါ့.....ဒီနေ့ မောင်ခံစားရတယ် ၀ိုင်း ရင်ထဲမှာ
နာကျင်လို့ပေါ့...........အမှတ်တရ အဖြစ် မောင် ၀ိုင်းကို ဖွင့်ဟမပြောဖြစ်ခဲ့တဲ့ နေ့ မောင်တို့သမိုင်းမှာ
အလွမ်း ရိုင်းတွေဝေခစေခဲ့မယ့်နေ့ မောင်ရဲ့နှုတ်ခမ်းအစုံကိုထိန်းချုပ်ခဲ့ ထားခဲ့ရတဲ့နေ့.......၀ိုင်းကို
အပြီးတိုင်ဝေးသွားစေမယ့်နေ့ အဲ့နေ့ကို မောင် ဘယ်သောအခါမှမေ့မှာ မဟုတ်ခဲ့.....ဒီနေ့လည်း မောင့်ကို
သတိတရ ရှိဖော်ရလို့ အရမ်းကျေးဇူးတင်တယ် မောင့်ရင်ထဲက ချစ်ရတဲ့ ၀ိုင်း .... ဒါပေမယ့် ၀ိုင်းနဲ့အလုပ်
တူတူလုပ်တဲ့သူလို့ပြောပြော ရှယ်ယာလို့ပြောပြော မောင် ဘယ်လိုမှဘ၀င်မကျဘူး ၀ိုင်း .. .. သိစေချင်
တာမောင့်ရဲ့ ၀ိုင်းကို ဘယ်လိုပုံနဲ့ဖြစ်ဖြစ် မဆုံစည်း ခဲ့ရပလေ့စေဦး ရင်မှာချစ်ဆဲ မြတ်နိုးဆဲ တွယ်တာဆဲဆို
တာ ၀ိုင်း မြင်ကြည့် တွေးကြည့် တစ်ကယ်တော့ နှစ်ယောက်စလုံးဟာ အချစ်ဦးတွေချည့်ပါ ၊ ကံမကြုံ
လို့ မဆုံခဲ့ ကြပေမယ့် တစ်ယောက်ရင်တစ်ယောက်သိ နားလည်မှုအပြည့်ရှိခဲ့ကြတယ်ဆိုတာ.....
မပြောလည်းသိ ရင်ခွင်မှာ အမြဲတည်ရှိဆဲ............ထိရှနာကျင်စေတာ မနေ့က နဲ့အခုချိန်ထိအောင်ပဲဝိုင်း
မောင်ချစ်ဆဲ မြတ်နိုးဆဲ တွယ်တာဆဲ ဆိုတာ.....မောင့် ရင်ထဲမှာဖြစ်တည်ပြီး မောင့်နှုတ်ဖျားက လျှံကျ အံကျ
လာတဲ့ " ၀ိုင်း"..... နှုတ်ခမ်းအစုံ ကို လှုပ်ခတ်ယုံ လေး ပင့် သက်အရှိုက် မောလျ သံနဲ့ ပေါ့ .......တစ်ကယ်
ပါ မောင့်ရင်မှာ တနင့်တပိုးခံစားနေရတယ်ကွယ်...............

Wednesday, December 3, 2008

ကျွန်တော် ချစ်ခင်နှစ်သက်သောဘလော့ နှင့်ဘလော့ဂါများ လင့်ချိတ်ထားသောဘလော့များ

၁။ ကူကူး ဆိုတာစန္ဒကူးမေလို့ ခေါ်ပါတယ် ကျွန်တော်ကတော့ကူကူးလို့ပဲခေါ်ပါတယ် သူကတော့ထူးဆန်းစွာ
နာမည်ပြောင်များကို ပေးတတ်သူပါ ကြံဖန်ပြီးလည်းတွေးတတ်သူပါ ကပ်သီးကပ်သပ် အတွေးလေးတွေသူ့ဆီ
ကရတတ်တယ် သူနဲ့ကျွန်တော်က လွန်ခဲ့သောနှစ်ဒီဇင်္ဘာမှာသေသေချာသိကျွမ်းခဲ့ တာပေါ့ ကျွန်တော်တို့
ချစ်တဲ့ ပဒုမ္မာတွေ့ဆုံပွဲမှာပါ ။သူကတော့ကျွန်တော့ကို ဥဥ လို့ခေါ်တတ်ပါတယ် ။ ဘလော့ဂါဆိုဒ်တွေထဲ
ဝင်ယင် သူ့ဆိုဒ်ကိုအယင်စ၀င်တတ်ပါတယ် ပြီးမှ sign in လုပ်တတ်တာပါ ပထမဆုံး ခင်တွယ်ရတဲ့ဘလော့
လေးတစ်ခုပါ ။(သူကတော့ စိတ်ခံစားမှုကိုအသားပေးတာထက်ဟင်းချက်စားနေတာ များတယ် :) )

၂။ပဒုမ္မာ နွေးထွေးတဲ့မိသားစုအသိုက်မြုံလေးတစ်ခုပါ ကျွန်တော်ကတော့ ကျွန်တော့ဝိဥဉ် နားခိုရာလို့သတ်
မှတ်ထားမိတဲ့ ဖိုရမ်တစ်ခုပါ။

၃။ချစ်သူကိုကို ဆိုတာကတော့ ကျွန်တော်ကဗျာတွေချည်းရေးမယ်လို့ စိတ်ကူးထားပြီးလုပ်ထားဖြစ်တဲ့
ဆိုဒ်လေးပါ။ခုတော့ဆက်မရေးဖြစ်ပါဘူး ကဗျာတွေလဲချစ်သူမောင်မှာပဲတင်ဖြစ်တာမို့။

၎။ဘလော့ဂါကိုမသုံးခင်က ကျွန်တော် မာတီပလိုင်းမှာသုံးပါတယ်၊အဲဒီဆိုဒ်က ဒုတိယအကြိမ် လုပ်ဖြစ်တဲ့ဆိုဒ်ပါ
ပထမအကြိမ်ကတော့ ဖျက်ပစ်ခဲ့ဘူးပါတယ် အကြောင်းကြောင်းကြောင့်။

၅။ တေဇာ ဆိုတာ တစ်ကယ်တော့အပြင်မှာမတွေ့ဖူးပါဘူး ဂျီတော့ထဲကနေပြီး သူ့ဆိုဒ်ကိုစ၀င်ဖြစ်ရာကနေ
နည်းပညာအကြောင်းနဲ့ စိတ်ဝင်စားဖွယ်ရာ လေးတွေစုစည်းထားတဲ့ဆိုဒ်လေးပါ။

၆။လိမ္မော် သီးဆိုတာကတော့ သူ့ရဲ့နစ်ခ ကအော်ရာအောရင့်ချမို့ကျွန်တော်ကတော့ခင်ခင်မင်မင် လိမ္မော် သီး
လို့ပဲခေါ်ပါတယ် ။သူကတော့သူ့ကိုယ်သူ WWH လို့နာမည်ဝှက်ပြီးပြောပါတယ်။

၇။ရှမ်းလေး ဆိုတာကတော့ မိုးကုတ်ကပါ ခင်ဖို့လည်းကောင်းပါတယ် နည်းပညာပိုင်းဆိုင်ရာသတင်းနဲ့မီဒီ
ယာ လေးတွေ တွေ့ရတဲ့ဆိုဒ်ပါ။

၈။နေနေ့တူလေး ဆိုတာကတော့ ဒေါက်တာ နေနေ ရဲ့တူလေးပါ သူကအထီးကျန်နိုင်ခြံကားမှာကျောင်းတက်
နေတာ (ခက်တာကဒေါက်တာနေနေ ဆိုတာဘယ်သူမှမသိဘူး ဆိုယင်ပြောရမှာပေါ့ အယင်တုန်းကတော့ပဒုမ္မာ
မှာ သူ့ကိုယ်သူကြွေးကြော်တယ.လေ God father of padonma တဲ့) ခင်မင်ရတဲ့ပဒုမ္မာအဖွဲ့သားပေါ့။

၉။ပေါ့ကျလေး တီးဆိုတာကတော့ သူ့ကိုယ်သူကြော်ငြာဝင်ယင်း လိုက်ဖတ်ဖြစ်ပြီးစိတ်ဝင်စားစရာမို့လို့
လင့်ခထားတာပါ။

၁၀။ပန်းခရေဆိုတာပေခရမ်းပါ သူ့ဆိုဒ်လေးဝင်ယင် အမြဲစိတ်ချမ်းသာစေအောင် Background ကောင်းကောင်း
လေးတွေပြောင်းထားတတ်ပါတယ်။

၁၁။Pinkgold လူချင်းမရင်းနှီးပါ သူ့ဆိုဒ်လေးလဲချစ်စရာမို့လင့်ခ ချိတ်ထားလိုက်ပါတယ် ။

၁၂။မနော်ဟရီ ဆိုတာဆရာတာရာမင်းဝေရဲ့ ဇနီးလား အဲဒီနစ်(ခ) နဲ့ရေးတာများတယ်လေ၊သူတို့ရဲ့ မင်္ဂလာဆောင်
ဖိတ်စာလေးကို အခု ဦးဇင်းဖြစ်နေတဲ့ စာပဒေသာမောင်လှထွေးတို့ဆီမှာတွေ့ခဲ့တာ ဘာမှမကြာသေးဘူးလို့ထင်
တုန်းဆရာတာရာမင်းဝေမရှိတော့တာအိပ်မက်ဆန်ဆန်ပဲ.......

၁၃။ပေါက် ဖော်ဆွေမျိုး ကတော့ ပဒုမ္မာ က ပေါက်ပါ။

၁၄။ရင်ခွင်ထဲကချစ်သူမောင်ဆိုတာကတော့ သူ့ရဲ့ အချစ်တွေကိုဖုံးကွယ်သိုသိပ်ယင်း သူ့ကိုဥပေက္ခာပြုခံရသလိုခံစားနေ
ရတဲ့ခင်ကျော်ဇေပါ။

၁၅။ငွေစန္ဒာ လို့အမည်ပေးထားတာကတော့ silver moon ရဲ့ဆိုဒ်လေးမို့ပါ။

၁၆။ပဒုမ္မာအော်မေ့ဂိုဏ်းရဲ့အဆိပ်မယ်ကင်းမြီးကောက်ရဲ့ဆိုဒ် လေးပါ လျွှို့ဝှက်သိုသိပ်သော အရိပ်ခံစားရပါမယ်။

၁ရ။ဂျလေဘီနတ်အာဝါးဆိုတာကတော့ ပဒုမ္မာကိုစောင့်ပြီး ဖွံ မှန်သမျှငမ်း အဲ မှားလို့ ကောင်မလေးတွေကောင်လေး
တွေပါမကျန်ပူဇော်ရတဲ့နတ်ပါ အဲနတ်မဟုတ်ယင်တော့မူလီပဲ။နာမည်ရင်းက ဇေယျာမင်းထွန်း သူ့ဆိုဒ် လေးလဲ
လန်းတယ်။

ဟီး အချွန်နဲ့တော့မပြီးပြီ ဆဲချင်ယင်ဆဲကြတော့....................

Monday, December 1, 2008

"မီး ငယ်"အလွမ်း

ဒီနေ့မှာမောင်တို့မတွေ့ခဲ့ ကြပေမယ့် အလွမ်းတွေဝေနေခဲ့တာရင်ကသိ မှန်းကြည့်ပါမီး အလွမ်းမဝေချင် ပန်းကြွေတောမှာလွမ်း ဒီရေတိုး နှင်းမှုန်ဝေတဲ့ ဒီလဟာ မောင့်ရင်ကိုတဆတ်ဆတ်တုန်စေတယ် ဘာပဲဖြစ်
ဖြစ် လွမ်းတယ် မီးရယ် အပြစ်တင်လည်း ခံရယုံကလွဲလို့ ဘာရှိမလဲ။ အမှတ်တရလို့ပြောရအောင်လည်း မှတ်
မှတ်ရရ မီးပေးခဲ့တဲ့ အစိမ်းရောင်လွယ်အိတ်လေး ...... တော်ပြီမီး မတွေးချင် မရေးချင်တော့ပါ မောင်အချစ်
ကြီးပေမယ့် အမျက်မသို ရန်မလိုတတ်ခဲ့ပါ ရင်ထဲစူးနစ်စွာခံစားနေရတာတော့မောင့်ဖာသာ မောင်သိ ယနေ့ထိ
ပဲလွမ်းခြင်း၊တမ်းခြင်း ၊တွယ်တာခြင်းတွေကင်းဝေးစေဖို့သာ...........

အပြာရောင်မီးခြစ်တစ်လုံးရဲ့ဒဏ္ဍာရီ

7 sisters


ခါတိုင်းနှစ်တွေ
တွေးတွေးနေကျ
ရေးနေကျပဲ
ဒီနှစ်ထဲမှ
ဘာတွေစိတ်ကူး
ထူးမလာခဲ့
တွေးလို့မထွက်
အရေးခက်ခဲ့...........

ရေးမိပြန်သော်
ပြောခံရမည်
"မီး"ကိုမောင်လေ
တသသလို့..........

တွေးဆွေးစိတ်မှာမပြေ
ရေးရေးစိတ်မှာ
ထင်ကျန်နေခဲ့
မီး ရဲ့အရိပ်
မီး ရဲ့အသံ
မီး ရဲ့ဟန်တွေ
ပြန်မြင်ယောင်သား
အတွေးမှားသလို
ဆောင်းရဲ့အိပ်မက်
ကယောက်ကယက်လား.............

အိပ်မက်တစ္ဆေ
အရိပ်တွေအဖြစ်
ရင်ခွင်ပျက်အောင်
ချောက်လှန့်နေလား
သာယာတဲကစကားသံ
အစ်တစ်တစ်ရယ်သံ
မီး ပုံဟန်ကို
တွေးမိမြင်မက်
အိပ်မက်ထဲတွင်
မီး သာစိုးမိုး
နေရာယူ.........

Nov-Dec အိပ်မက်
ဘ၀ပျက်စေ
ခဏ..ခဏအခက်ပွေခဲ့
ရတက်တွေဝေလည်း
နော့(ဗ)ဒက်(ဇ) ရောက်လျှင်
အလွမ်း ပင်သည်
ရှင်သန်နိုးထ
မုန်းမရတဲ့
စိတ်လေလား
အတွေးမှားခဲ့
တကယ်သာဆို
ခါးခါးတူးတူး
မုန်းရမှာ............

Nov-Decဆိုတာ
ပေါ့ပျက်ပျက်စကားတွေ
ပြောဆိုနေကျ
လို့ ထင်ယင်မှားမလား
စိတ်ထဲမှာထင့်
သံသယ၀င်
ဘယ်သောအခါမှ
မကြောင့်ကြချင်တော့
ခပ်ပေါ့ပေါ့ရယ်ဖြစ်
အတွေးသစ်မှာ
မလိုတမာ
လွမ်းတတ်တာကို
ရင်မှာမြိုသိပ်
တမင်တကာ
သိုသိပ်လည်း............

ခွဲခဲ့ရသည်
မောင့်ညရှည်ခဲ့
အတိတ်ဆိုသည်
ရင်ကိုကြေကွဲ
မနေရဲအောင်
ဒုက္ခဆောင်လို့
အနေမတတ်
နေရကျပ်လည်း
အရိပ်ပုံစံ
နှောင့်ယှက်ဟန်သည်
စိတ်ကိုအစဉ်
စိုးမိုးနှင်သလို
ချစ်ခင်စေသား
အတွေးမှားကဗျာချို
အရေးသားသာပိုလာခဲ့
ဘာမှမတွေးဘူး
ဘာထူးခြားမလဲဆိုပေမယ့်
ကဗျာဖြစ်တည်
မောင့်စိတ်ဆီတွင်
မီး သည် နက်ရှိုင်းစွာခိုဝင်
နေရာယူ...........

သစ္စာဖောက်ရက်တယ်လို့
မောင့်စိတ်ထဲရှိတဲ့
အငြိုး တရားဟာ
တကယ်တမ်းတော့
တိတ်တိတ်လေး
ခိုး ပြီးခွင့်လွှတ်တတ်ခဲ့မှန်း
မောင် ယောင်ရမ်းပြီးတောင်မှ
မသိခဲ့ရရိုး အမှန်ပါ........

လွမ်းတယ်လို့မဆိုသာပေမယ့်
တိုးတိုးတိတ်ကြိတ်လွမ်းနေခဲ့တဲ့
မောင့်ရဲ့ ရင်အစုံဟာ
နာလာယုံကလွဲပြီး
ကျန်တာ ကဗျာတွေဖြစ်တယ်
ရင်မှာနာပေမယ့်
နင်ဟာကဗျာဖြစ်တယ်
ကြင်နာခဲ့ပေမယ့်လည်း
နင်ဟာတရားခံဖြစ်တယ်
အဲလိုစွဲချက်တွေနဲ့
ကဗျာတွေအထပ်ထပ်တွေး
စာတွေဆက်စပ်ရေးခဲ့
အလွမ်းတရား
အချစ်ရဲ့သဘောတရားဟာလေ
ဘာနဲ့မှမတူ
လူကိုအူတူတူဖြစ်စေတယ်...............

ဘာပဲဖြစ်ဖြစ်ပေါ့
တချိန်က
ယုဇနပွင့်ရဲ့
ဒိုင်ယာရီမှတ်တမ်း
အလွမ်းခန်းမှာ
မှတ်တမ်းအဖြစ်
အပြာရောင်မီးခြစ်တစ်လုံးရဲ့
ဒဏ္ဍာရီတပုဒ်
လျှို့ဝှက်စွာတည်ရှိခဲ့လေရဲ့
ဒါပေမယ့်လေ
မရှိခိုးနိုး မျက်နှာမျိုးနဲ့တော့
မိုး မကြည့်နဲ့ပေါ့ကွယ်...........။ ။